ဆွဲဆန့်ဇကာ
   
JIMMEX
ကောင်းစွာဒီဇိုင်းပုံစံထုတ်ပြီး ခေတ်မှီစက်ယန္တရားဖြင့် ဆွဲဆန့်ထားသည့် သံဇကာပြားအထူဖြစ်၍၊ အလေးချိန်ပေါ့ပါးသည်။ ဤ JIMMEX စနစ်ပစ္စည်းကို လုပ်ငန်းမျိုးစုံ၌ သုံးနိုင်သည်။ ဥပမာ၎င်းကို စက်ရုံအတွင်း လျှောက်လမ်းခင်းခြင်း၊ ကြမ်းခင်းခြင်း စသည်တို့၌ အထွေထွေသုံးသံပြားများထက် ပစ္စည်းအသုံးကို
သက်သာစေ၍ အလေးချိန် ပိုခံနိုင်သည်။ သို့မဟုတ် သတိပြု စောင့်ကြည့်ရမည့်နေရာတို့၌ အကာခြံစည်းရိုးအဖြစ်သုံးနိုင်ကာ၊ လေဝင်လေထွက် အလွန်ကောင်းသည့်အပြင်
ကြမ်းပေါ်သို့ ဖုန်အမှုန်များကျခြင်း ပြဿနာတို့မှ ကင်းဝေးစေသည်။ ကိုးကားအထွေထွေသုံးအချက်အလက်ဆိုင်ရာတို့ကို နောက်စာမျက်နှာ၌ ကြည့်နိုင်သည်။ JIMMEX ကို စည်းရိုး၊ နံရံအဖြစ်သုံးရာ၌ အခြားအထွေထွေသုံးသံဇကာများထက် ပို၍ကြံ့ခိုင်လှပသည့်အပြင် ဤဆွဲဆန့်ဇကာကို သံဖရိန်၌ ဂဟေဆော်ကပ်ရုံ (သို့မဟုတ်) မူလီစုပ်တပ်ရုံဖြင့် ပို၍လွယ်ကူလျင်မြန်စွာ တပ်ဆင်နိုင်သည်။ JIMMEX သည် ဆေးမှုတ်ပြီးပုံစံ (သို့မဟုတ်) သွပ်ရည်စိမ်ပြီးပုံစံဖြင့် လာပါသည်။
အသေးစိတ်
 
 
Copyright 2006 William Co.,Ltd. All right reserved

ပင်မစာမျက်နှာ | ကျွန်ုပ်တို့အကြောင်း | ဝီယမ်မှထုတ်လုပ်သည့်ကုန်ပစ္စည်းများ | နိုင်ငံခြားမှတင်သွင်းသည့်ကိရိယာပစ္စည်းများ | သတင်းများ | ဆက်သွယ်ရန် | ဗွီဒီယိုများ